Print

ဗီတာမင်များနဲ့ သင့်ရဲ့ အလှအပ

  28-Feb-2017
Preview Image

သင့်ရဲ့ အလှကမ္ဘာလေးကို ပိုမို လှပစေချင်တယ်ဆိုရင် ဗီတာမင်များရဲ့ အခန််းကဏ္ဍကို မေ့ထားလို့ မရပါဘူး။ လေ့လာသူတွေရဲ့ အဆိုအရ ဗီတာမင်တွေ မပြည့်စုံမှုရှိရင် အရေပြားပြဿနာတွေနဲ့ ဆံပင်တွေ ဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။ သင့်ရဲ့ အလှအပ အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်တွေ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ အရေပြားနဲ့ ဆံပင်တွေအတွက် ဘယ်လို ဗီတာမင်တွေ လိုအပ်ပါသလဲ ...

 

၁။ ဗီတာမင် ဘီ

ဗီတာမင် ဘီ လုံလောက်စွာ မရရှိရင် အရေပြား ပြဿနာတွေနဲ့ ဆံပင်တွေ ဆုံးရှုံးမှုနဲ့ ကြုံတွေ့နိုင်ရပါတယ်။

ဗီတာမင်ဘီ ပါဝင်တဲ့ အစားအစာ

ကောက်ပဲသီးနှံ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ပင်လယ်စာနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များဟာ ဗီတာမင်ဘီ ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

 

၂။ ဗီတာမင် အီး

ဗီတာမင် အီးဟာ ဦးရေပြားနဲ့ အရေပြားအတွက် အောာက်ဆီဂျင်တွေ တိုးပွား ကာ သွေးလည်ပတ်မှုအားကို ကောင်းမွန်စေပါတယ်။ ဆံသားတွေ ကြီးထွားရှင်သန်မှုကို ကူညီပေးနိုင်ပြီး အရေပြားအတွင်း သွေးလည်ပတ် စီးဆင်းမှုကို တိုးပွားစေပါတယ်။

 

ဗီတာမင်အီး ပါဝင်သော အစားအစာများ

ဗီတာမင်အီးမှာ ပါဝင်တဲ့ အစားအစာတွေက ဥအမျိုးမျိုး၊ အစေ့အနှံများ၊ အခွံမာအသီးများ၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များပဲ ဖြစ်ပါတယ်။

 

၃။ ဗီတာမင် စီ

အရေပြားအလှအပအတွက် လိုအပ်တဲ့ ကိုလာဂျင်တွေကို တိုးပွားစေပြီး ဦးရေပြား အတွင်း သွေးလည်ပတ်မှုအားကို တိုးပွားစေဖို့ ဗီတာမင်စီက ကူညီပေးနိုင်ပါတယ်။

 

ဗီတာမင်စီပါဝင်တဲ့ အစားအစာများ

အရည်ရွှမ်းတဲ့ သစ်သီးများ ( ဥပမာ-လိမ္မေ္မာ်သီး၊ စပျစ်သီး၊ သံပရာသီး စသည်ဖြင့် ) မှာ ဗီတာမင်စီတွေ အမြောက်အမြား ပါဝင်နေပါတယ်။ ထို့ပြင် ချို့တဲ့သစ်သီးများ ( ဥပမာ - စတော်ဘယ်ရီသီး၊ ကီဝီသီး ) မှာလည်း ဗီတာမင်စီတွေ အများအပြား ပါဝင်နေပါတယ်။

 

၄။ ဗီတာမင် အေ

ဗီတာမင်အေဟာ အရေပြားတစ်သျှူးတွေကို အသစ်ပြန်လည် တည်ဆောက်ဖို့ အတွက် လိိုအပ်ပြီး ကျန်းမာတဲ့အရေပြားကို ဖြစ်စေပါတယ်။

ဗီတာမင်အေ ပါဝင်တဲ့ အစားအစာ

နို့နဲ့ လိမ္မော်ရောင် ရှိတဲ့အစားအစာများ ( ဥပမာ - မုန်လာဥနီ၊ ကန်စွန်းဥ ) နဲ့ အသည်းတွေမှာ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ရင့်ရင့်မွှေး ( Ref: eHow.com )
Health for ALL magazine , No. 113, June 2016



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18